သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်

သံတွဲ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်၁၀ နာရီက သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စက်မှုကျွမ်းကျင်-၄ ဦးသိန်းဌေးကျော်က ဆပ်ပြာဆီတစ်ဖုံတွင် ပါဝင်သောကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ဓာတုအခေါ်အဝေါ်များ၊ အချိုးအစားများနှင့် ဆပ်ပြာဆီပြုလုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး လက်တွေ့ပြုလုပ်ပြသခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြပြီး ခရိုင်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူနှင့် အဖွဲ့ကလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စန္ဒာကြည်(ခရိုင်ပြန်/ဆက်)