စိတ်ကျန်းမာရေး အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စိတ်ကျန်းမာရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က စိတ်ကျန်းမာရေးက ဘာကြောင့်အရေးကြီးရသည့်အကြောင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ စိတ်ရောဂါတွေ ဘာကြောင့်ဖြစ်ပွားရသည့်အကြောင်းနှင့် စိတ်ကျန်းမာရေးကောင်းမွန်အောင် မိမိကိုယ်တိုင်ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများအကြောင်းကို  ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)