ကျိုင်းတုံ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့တွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှုနှင့်စီမံခြင်း စာအုပ်ပါ အဆင်းနှင့်အတက် ခေါင်းစဉ်မှ မိမိဘဝတိုးတက်အောင် မြှင့်တင်ထူထောင်ဖို့ အချိန်ကိုအကျိုးရှိစွာ အသုံးချရမည့်အကြောင်းအရာများနှင့် လေ့ကျင့်ပျိုးထောင်ရမည့်နည်းလမ်း အကြောင်းအရာများကို အသီးသီးဖတ်ကြားဆွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)