လူကုန်ကူမှုအန္တရယ် အသိပညာပေးဟောပြောပွဲကျင်းပ

အမရပူရ အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ပိန်းတန်းရပ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းနားတွင် အမရပူရမြို့နယ် ပိန်တန်းရပ်၊ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက လူကုန်ကူးနိုင်သည့် နည်းလမ်းများ၊ လူကုန်ကူးမှုပုံစံနည်းလမ်းများ၊ ကလေးသူငယ်များလိုက်နာရမည့်နည်းလမ်းများကို ကလေးသူငယ်များသိရှိနားလည်အောင် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ဟောပြောပွဲနှင့်ပက်သက်ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)