ဒဂုံမြောက်(၂၈)ရပ်ကွက်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများအား ဒုတိယအကြိမ် ဆက်လက်ရောင်းချ

ဒဂုံ‌မြောက် အောက်တိုဘာ ၂၆

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို ရပ်ကွက်နေ ပြည်သူများအား  ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် (၂၈) ရပ်ကွက်၊  သခင်ထွန်းအုပ်လမ်းနှင့် အုပ်ချုပ်ရေးရုံးလမ်းထောင့်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်  ယနေ့ နံနက်(၈)နာရီက ဒုတိယအကြိမ် ဆက်လက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။ 

ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့များ၊ ပူးပေါင်း၍ ဒေသခံပြည်သူများ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေး အတွက်စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆီ(၁)ပိဿာလျှင် (၄၂၇၅) ကျပ်နှုန်း၊  ကြက်ဥ(၁)လုံး (၁၇၅)ကျပ် နှုန်းတို့ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်းရှိ ရပ်ကွက်(၂၇)ခုအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်‌နေပြည်သူများ အဆင်ပြေစွာဝယ်ယူနိုင်ရန် ဒုတိယအကြိမ်လှည့်လည် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။

မြင့်မြင့်ရီ