တန့်ယန်း အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် အမှတ်(၁၀)ရပ်ကွက်ရှိ တပ်ဦးကျောင်းတိုက်၏ (၃၈) ကြိမ်မြောက် တပ်နယ်မိသားစု၏ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲကို တပ်ရင်းတပ်ဖွဲ့များနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန် လှူဒါန်းပွဲတွင် တပ်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဓိမာနှင့် ဆရာတော် သံဃာတော်များအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်းနှင့် မိသားစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တပ်နယ်အသီးသီးမှ အရာရှိများ၊ မိသာစုများ၊ စေတနာရှင် အလှူရှင် မိသားစုများက ပူဇော်ကန်တော့၍ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)