ဆီဆိုင် အောက်တိုဘာ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူး ဒေါ်လွင်လွင်ဦးက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က တစ်လုံးထိုးအင်ဂျင်ပြုပြင်နည်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်း၌ သင်တန်းသား(၂၀) ဦးတို့အား အောက်တိုဘာ ၁၂ ရက်နေ့မှ အောက်တိုဘာ ၂၆ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)