မုဒုံမြို့နယ်တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅)နှင့် မွန်ရိုးရာ လက်ရက်ကန်း သင်တန်း အမှတ်စဉ် (၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မုဒုံ အောက်တိုဘာ ၂၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဥ်( ၅ )နှင့် မွန်ရိုးရာလက်ရက်ကန်း  သင်တန်းအမှတ်စဉ်(၂၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မုဒုံ​မြို့နယ် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်နယ်အတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူငယ်များ  အလုပ်အကိုင်အခွင့်အလမ်းရရှိရန်၊ အသက်မွေးဝမ်းကျောင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဖန်တီးနိုင်ရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ  နယ်ပယ်အလိုက်  နည်း ပညာကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ပေါများစွာ  ထွက်ပေါ်လာစေရေးအ တွက်အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း သထုံမြို့နယ်၊ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်တွင် လူငယ်သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး တိုင်းရင်းသူများအတွက် အိမ်တွင်းမှု သက်မွေးပညာရပ်များ တတ်မြောက်သည်အထိ လေ့ကျင့်သင်ကြားပေးခြင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်း၊ အပ်ချုပ်စက်များကို အရစ်ကျ စနစ်ဖြင့် ရောင်းချခြင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့်ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိရေး စီစဉ်ဆောင်ရွက်ပေးကြောင်း၊ သင်တန်းသူများအနေဖြင့် အသိပညာ၊အတတ်ပညာ ပြည့်ဝသူများဖြစ်အောင် အစဉ်ကြိုးစားကာ စူးစမ်းလေ့လာမှု၊ တီထွင်ဖန်တီးမှုများဖြင့် အိမ်တွင်းမှုပညာရပ်များ  အသုံးချကာ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဒေသအကျိုးပြုလုပ်ငန်းများ ကိုဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့်သင်တန်းဖွင့်လှစ်သင်ကြားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး  ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ခဲ့သည်။ သင်တန်းတွင် သင်တန်းသူ တိုင်ရင်းသားစုစုပေါင်း (၃၅)ဦး တက်ရောက်လျက်ရှိပြီး (၁၈)ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)