ပုသိမ်ကြီး အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက စာကြည့်တိုက်အသုံး ပြုသူ စာဖတ်ပရိတ်သတ်များနှင့် ဖတ်ဆွေးနွေးမှုစာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက တက်ရောက်လာသည့် စာပေချစ်မြတ်သူနိုးသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ မိမိတို့လေ့လာဖတ်ရှုပြီးသည့် စာပေများ၏ ကောင်းမွန်သည့် အနှစ်သာရများ၊ ကောင်းကျိုးများ၊ လေ့လာမှတ်သား လိုက်နာသင့်သည် အချက်အလက်များကို တစ်ဦးချင်းအလိုက် ဆွေးနွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စာဖတ်ခြင်းသည် စာစွမ်းအားတစ်ရပ်ဖြစ်ကြောင်း၊ မှန်ကန်သည့်အသိ၊ အတွေးအခေါ်များ ရင့်သန်စေခြင်း၊ လူမှုဆက်ဆံရေး တိုးတက်ရရှိစေခြင်း၊ ကောင်းမွန်သော ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ စာတတ်မြောက်ခြင်း၊ စာဖတ်ခြင်းနှင့် အမျိုးသားပညာရည်မြင့်မားခြင်း၊ စာတတ်မြောက်ခြင်းသည် စာဖတ်နိုင်ခြင်းဖြင့် အကျိုးတရားကောင်းများ ဖော်ဆောင်နိုင်ခြင်းမှ သည် အနာဂတ်ကောင်းများကို ဖန်တီးနိုင်မည် အစရှိသည်ဖြင့် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)