နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာန ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများတည်ဆောက်ခြင်း စီမံကိန်းမှ လောင်စာသက်သာလျော့ပါးရေး ကွန်ဂရစ်မီးဖိုပြုလုပ်အသုံးပြုနည်းနှင့် ကွန်ဂရစ်မိုလောင်းနည်းသင်တန်းဖွင့်

နမ့်ဆန် အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်းကျန်းမာရေးဌာန(BRIC Program)မှ ဆောင်ရွက်သော လောင်စာသက်သာလျော့ပါးရေး ကွန်ဂရစ်မီးဖိုပြုလုပ်အသုံးပြုနည်းနှင့် ကွန်ဂရစ်မိုလောင်းနည်းသင်တန်းအခမ်းအနားကို ယနေ့နံနက်()နာရီအချိန်က မြို့မဂိုဏ်းချုပ်ကျောင်းတိုက်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

သင်တန်းတွင်  (WFF)  စီမံချက်အရာရှိ   ဦးဟိန်းထက်စိုးက သင်တန်းဖွင့်လှစ်ရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဒုတိယဦးစီးမှူး ဦးထွန်းအောင်ဝေက သဘာဝဘေးနှင့်ပတ်သက်သည့် ဘေးအန္တရာယ်(၈)မျိုး အကြောင်းအရာများကိုဆွေးနွေးခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇော်မိုးက မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးအကြောင်းကိုဆွေးနွေးခြင်း၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ ဒေါ်ချောစုခင်က ပိုးသတ်ဆေးအကြောင်းသိကောင်းစရာများ အကြောင်းကိုလည်းကောင်း (WFF) စီမံချက်အရာရှိ ဦးဟိန်းထက်စိုးက လောင်စာသက်သာလျော့ ပါးရေး ကွန်ကရစ်မီးဖိုပြုလုပ်ခြင်းအား ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းကို ထင်းအသုံးပြုမှုလျော့ချစေခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ် စေရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တတ်စေရန်၊ သစ်တောသစ်ပင်များကို စနစ်တကျ အစားထိုးစိုက်ပျိုးထိန်းသိမ်းတတ်စေရန်၊ စွမ်းအင်ချွေတာသုံးမီးဖိုများအား အသုံးပြုခြင်းဖြင့် မိသားစု ကုန်ကျစရိတ်သက်သာစေရန်၊ ထင်းရှာဖွေရခြင်းအတွက် အချိန်ကုန်သက်သာခြင်းကြောင့် အခြားအစားထိုးလုပ်ငန်းများဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် စာတွေ့၊ လက်တွေ့သင်တန်းကို (၂၆-၁၁-၂၀၂၂)မှ (၂၈-၁၁၂၀၂၂)ထိ(၃)ရက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကို စီမံကိန်းဝန်ထမ်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှစေတနာလုပ်အားရှင်များ၊ စီမံကိန်းဝင်ကျေးရွာနေ မိဘပြည်သူများစုစုပေါင်း(၃၃)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)