မူဆယ်မြို့တွင် တရုတ်ငွေေဈေး အနည်းငယ်ပြန်တက်လာပြီး တခြားကုန်ပစ္စည်းဈေးများ တည်ငြိမ်

မူဆယ် အောက်တိုဘာ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ယနေ့နံနက်ပိုင်းအချိန်ထိ တရုတ်ငွေလဲလှယ်နှုန်းသည် တရုတ်ငွေ(၁၀၀)ယွမ်ကို  မြန်မာငွေ(၄၂၀၀၀)ကျပ်အထက် အနည်းငယ်လျော့နည်းလာကြောင်း သိရသည်။

အဆိုပါ ငွေလဲလှယ်ရာတွင် လက်ငင်းပေး တရုတ်ငွေယွမ်(၁၀၀)ကို မြန်မာငွေ(၄၂၀၀၀)ကျပ်အထက် လဲလှယ်ပေးနိုင်ပြီး တခြားသော စပါယ်ရှယ်အကောင့်များနှင့် K-Pay အကောင့်များမှ လဲလှယ်နှုန်းသည် ယွမ်(၁၀၀)ကို မြန်မာငွေ(၄၂၀၀၀)ကျပ်နှုန်းသာလဲလှယ်ပေးကြောင်း အချိန်နှင့်အမျှပြောင်းလဲနေကြောင်း သိရပါသည်။ ယင်းငွေဈေးအပြောင်းအလဲများ ရှိနေသော်လည်း လူသုံးကုန်ပစ္စည်းဈေးနှုန်းများ သိသိသာသာ ပြောင်းလဲဈေးနှုန်း ထိုးတက်လာခြင်းမရှိသေးပဲ စားသောက်ကုန်ပစ္စည်းများဈေးသာ အနည်းငယ်ပြန်တက်လာကြောင်း သိရပါသည်။ ထို့အပြင် ငွေဈေးပြောင်းလဲမှုရှိနေသော်လည်း ဓာတ်ဆီဈေးနှုန်းအနေဖြင့် ယခင်တစ်လီတာ (၃၀၀၀)ကျပ်နှုန်းမှ ယခုလက်ရှိ တစ်လီတာ(၂၃၅၀)ကျပ်နှုန်းဖြင့်သာကျပြီး ဈေးနှုန်း ပြောင်းလဲမှုမရှိသေးပဲ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ ယင်းငွေဈေးမတည်ငြိမ်မှုကြောင့် အရောင်းအဝယ်သမားများ၊ ကုန်သည်လုပ်ငန်းရှင်များများစွာ အခက်အခဲဖြစ်နေသည်ဟု သိရှိရပါသည်။

၀၀၉(မူဆယ်)