တန့်ယန်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

တန့်ယန်း အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းအိအိဖြူက အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်စောဥမ္မာက ကလေးသူငယ်အလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် သိကောင်းစရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးမှုများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ We Love Tangyan, Facebook Page မှတဆင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။                

မင်းလွင်ဦး(ပြန်/ဆက်)