မြစ်ကြီးနား အောက်တိုဘာ ၂၆
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်း အမျိုးသား/အမျိုးသမီး ဝန်ထမ်းများ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နောင်ရာ ဖူဆယ်ဘောလုံး ကွင်းတွင် ကျင်းပပြုလုပ်သည်။
ဗိုလ်လုပွဲအဖြစ် အမျိုးသား အုပ်စု(က)နှင့် အုပ်စု(ခ) အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးနှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြရာ အုပ်စု(ခ) အသင်းက အုပ်စု(က) အသင်းအား ၈ ဂိုး ၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒုတိယဆုရအမျိုးသား/ အမျိုးသမီး အသင်းများနှင့် ပထမဆုရ အမျိုးသား/အမျိုးသမီး အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဒိုင်းဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အရာထမ်း/အမှုထမ်းဝန်ထမ်းများ အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ စွမ်းရည် ပြိုင်ပွဲများအပြင် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲနှင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင် နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းသားသမီးများနှင့် တစ်နှစ် တာအတွင်း ခွင့်မယူဘဲ ရုံးတက်အမှန်ဆုံးဝန်ထမ်းဆု၊ ဝန်ထမ်းအိမ်ရာ သန့်ရှင်းရေးဆုများ၊ ပင်စင်စား ဝန်ထမ်းဟောင်းများကိုလည်း ဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)