မိုးနဲ အောက်တိုဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ (၂၆)ကြိမ်မြောက် အဘိဓမ္မာ ၇ ကျမ်း အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က နောင်ကျော့ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈယ်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် အဘိဓမ္မာ ၇ ကျမ်း ပဌာန်းအဖွင့်ကျမ်းကို ဆုတောင်းပြည့်ဆရာတော်က စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)