မဟာအောင်မြေမြို့နယ် အမှတ်(၈) အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ)၌ ရှေးဦးပြုစုခြင်းသင်တန်း လက်တွေ့သရုပ်ပြသနည်း ကျင်းပ

မဟာအောင်မြေ အောက်တိုဘာ ၂၆

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အမှတ်(၈)အခြေခံပညာအထက်တန်း‌ ကျောင်းခွဲ၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ့တို့ ပူး‌ပေါင်းဖွင့်လှစ်သောရှေးဦး ပြုစုခြင်းသင်တန်း လက်တွေ့သရုပ်ပြသနည်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပ‌ခဲ့ ကြောင်းသိရသည်။

ထို့နောက်  သင်တန်းနည်းပြဆရာမ  ကြက်ခြေနီရုံးအဖွဲ့မှူး ဒေါ်ခင်ခင်သင်းက တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား ပထမနေ့မှာ စာတွေ့နှင့် ဒုတိယနေ့မှာ အရိုးကျိုးခြင်း၊ မေ့မြောခြင်းနှင့် သွေးယိုးစီးခြင်း၊‌ သွေးသုတ်သွေးလန့်၊ အပူ‌လောင်းခြင်းထိတ်လန့်ခြင်းနည်းများ ကို လက်တွေ့သရုပ်ပြသ သင်ကြားပို့ချသွားမည်ဖြစ်‌ကြောင်း ပြောကြား၍ စာတွေ့သင်ကြားပို့ချခဲ့သော နည်းလမ်းများအား လက်တွေ့သရုပ်ပြသခြင်းများကို လက်တွေ့ပြသခဲ့ရာ ကျောင်းသား /သူများကလည်း စိတ်ပါဝင်စားစွာ လက်တွေ့သရုပ်ပြသမှုများကို တစ်ဦးချင်းစီးကိုယ်တိုင်လုပ် ဆောင်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းအား အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမ ဒေါ်မေသူသူမောင်နှင့်ဆရာ/ဆရာမများ၊ မြို့နယ်ကြက်ခြေနီ ယာယီကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူ(၉၅)တို့ဖြင့် ပူးပေါင်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း