မဟာအောင်မြေမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မဟာအောင်‌မြေ အောက်တိုဘာ ၂၆

မဟာအောင်မြေမြို့နယ်၊ Community Centre ခန်းမ "အမွှေးဆုံးဂုဏ်အသင်းဆုံးရနံ့ " စာဖတ်ဝိုင်းကို ယ‌နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ဆက်လက်ပြီး စာဖတ်ဝိုင်းတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က စာပေရဲ့အနှစ်သာရ၊ စာပေရဲ့ဝေါဟာရ၊ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့်အတိုင်း စာပေတွေစဉ်ဆက်မပြတ်လေ့လာ ဖတ်ရှုသင့်တဲ့အကြောင်းစသည့် စာပေဗဟုသုတများရရှိ‌စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင် းပြောကြားခဲ့ပြီး စာရေးဆရာသန်းစိုးအောင်က ဂုဏ်ဟူသောဝေါဟာရနှင့်ပတ်သက်၍ ဂုဏ်အရည် အချင်း၊ ဂုဏ်ဒြဒ်စသည့်ဖြင့် သုံးစွဲတာ‌‌တွေရှိကြောင်း၊ ဂုဏ်သည်ပါဠိစကားဖြစ်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့လူအဖွဲ့အစည်း၊ အစိုးရတွေက သတ်မှတ်ပြဌာန်ပေးထားကြောင်း စသည့်ဂုဏ်နှင့်ပတ်သက် သည့်အကြောင်း အရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ စာရေးဆရာ သန်းးစိုးအောင်၊ ဦးမောင်မောင်(မင်းဏီးလူ)နှင့် စာပေဝါသနာရှင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများ စုပေါင်းတက်ရောက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း