လူငယ်စကားဝိုင်း သန်လျင်၌ကျင်းပ

သန်လျင် အောက်တိုဘာ ၂၆

အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီတွင် သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်း ကျင်းပပေးရသည့် ရည်ရွယ်ချက်များကို ဆွေးနွေး ပြောကြားပြီး ခရိုင်ပညာရေးမှူးဦးဘသန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည် ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသားကျောင်းသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြသည်၊ လူငယ် စကားဝိုင်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများထဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဆွေးနွေး ကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)