မိုးညှင်း အောက်တိုဘာ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နတ်ပုတ်ကျေးရွာ အုပ်စု ပင်ရဲလှကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့ နံနက် (၁၀)နာရီက မြစိမ်းရောင်ရန်ပုံငွေကျပ် ၄၂၆ သိန်းကို ဆဋ္ဌမအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာကော်မတီဝင်များနှင့် အတူ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၆၃)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂)ဦးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၀)ဦး စုစုပေါင်း (၇၅)ဦးအား ငွေကျပ် (၄၂၆)သိန်း ကို တာဝန်ရှိသူများက အသီးသီးထုတ်ချေးပေးခဲ့သည်။
မိုးညှင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာအရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ပင်ရဲလှကျေးရွာကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရ သည်။
ရွှေမိုးညှင်း