ပုသိမ်ကြီးမြို့နယ် Community Centreတွင်အမျိုး သားနေ့အကြို ပြပွဲပြိုင်ပွဲဟောပြောပွဲများ ကျင်းပပြုလုပ်

ပုသိမ်ကြီး အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အမျိုးသားနေ့အကြို အထိမ်းအမှတ်ပြပွဲပြိုင်ပွဲ ဟောပြောပွဲများကို ယနေ့ နံနက်ပိုင်းတွင်ပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါ အထိမ်းအမှတ်ပွဲများတွင် မြို့နယ်ဦးစီးအရာရှိမှ ပြပွဲပြိုင်ပွဲများ ကျင်းပရမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှုးနှင့်၀န်ထမ်းများက တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများ၊ စာကြည့်တိုက်အသုံးပြုသူ စာဖတ်ပရိသတ်များ၏ ရင်သွေးငယ်များ ဖြင့် မုန့်စား ပြိုင်ပွဲများ၊ နံရံကပ်ပြပွဲ၊ ပုံပြင်ဖတ်ပြဆွေးနွေးခြင်းနှင့် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ အသိပညာပေးဆွေး နွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)