သာစည် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် သာစည်-ညောင်ရမ်းလမ်း၌ ကတ္တရာခင်းရန် ကျန်ရှိနေသည့်လမ်းအရှည် ၁/၄.၆၈ မိုင်အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကတ္တရာခင်းခြင်းဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သာစည်-ညောင်ရမ်းလမ်းသည် ၈ မိုင်အရှည်ရှိကာ အဆိုပါ ၈ မိုင်တွင် မူလက ၀/၁ မိုင်မှာ ကတ္တရာလမ်းဖြစ်ကြောင်းသိရသည်။ ကတ္တရာလမ်းခင်းခြင်းကို ၂၀၁၉-၂၀၂၀ ခုနှစ်မှစတင်၍ ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်ခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ်ဘဏ္ဍာရေးနှစ်အထိ ၆/၃.၃၂ မိုင် ကတ္တရာခင်းခြင်းဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော ၁/၄.၆၈ မိုင်အား ကတ္တရာခင်းခြင်းကို ပျော်ဘွယ်သား ကုမ္ပဏီက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါလမ်းကို ကတ္တရာခင်းခြင်းအပြည့်အဝဆောင်ရွက်ပြီးစီးပါက သာစည်မြို့နှင့် ညောင်ရမ်းတို က်နယ်ရှိကျေးရွာများ ကုန်စည်စီးဆင်းရောင်းဝယ်ရေး၊ ကျန်းမာရေး၊ပညာရေး စသည်ဖြင့် ဆက်သွယ်သွားလာရေးတို့တွင် ယခင်ကထက် ပိုမိုလျင်မြန်ချောမွေ့စွာ ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)