တံတားဦး အောက်တိုဘာ ၂၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show ) ကို ယနေ့နံနက်(၁၁)နာရီက ကျင်းပကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က မသန်စွမ်းသူများသည် စွမ်းနိုင်ပါကြောင်း၊ သို့အတွက်အကြောင့် မသန်စွမ်းသူများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင် တွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းနေထိုင်နိုင်ရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း နှင့်ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အကြောင်းပြော ကြားရာတွင် မသန်စွမ်းသူများသည် နိုင်ငံသားများခံစားခွင့်ရှိသည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မသန်စွမ်းသူအားလုံး တန်းတူညီမျှ အပြည့်အဝရရှိစေရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ရေးရာ စသည့် နယ်ပယ်အသီးသီးတွင် အခြားသူများနှင့်တန်းတူ လူမှုအဖွဲ့အစည်းတွင် ပေါင်းစည်းပါဝင်နိုင်ရန် မသန်စွမ်းသူများ၏ လူနေမှုဘဝလုံခြုံစိတ်ချမှု ရှိပြီး ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ ရပ်ကွက်၊ ကျေးရွာများမှာ မသန်စွမ်းသူများရှိခဲ့လျှင် ထောက်ပံ့ငွေများရရှိရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင်တွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးပြောကြားသည်။
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများကို Online မှတစ်ဆင့် ပြည်သူများ အသိပညာ ဗဟုသုတများစွာရရှိစေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များအား ဆက်လက်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်