တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်ဘီးစီးခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

တောင်သာ အောက်တိုဘာလ ၂၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စက်ဘီးစီးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ဘီးစီးခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)အား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ စက်ဘီးစီးခြင်း၏အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများသိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဦးဝဏ္ဏထွန်းက စက်ဘီးစီးခြင်း၏  အကျိုးကျေးဇူးများအကြောင်း အသိပညာပေးနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌  အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝဏ္ဏထွန်းက ဆွေးနွေးရာတွင် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များအား ရှင်းလင်းဆွေးနွေးပြီးနောက် ကိုယ်လည်းကျန်းမာစိတ်ချမ်းသာစေဖို့ စက်ဘီးစီးဖို့ လိုကြောင်း၊ စက်ဘီးစီးခြင်းကြောင့် အရိုးနှင့်ကြွက်သားများ သန်မာစေခြင်း၊ စိတ်ဖိစီးမှုလျော့ နည်းစေခြင်း၊ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်း ဆိုင်ရာများ တိုးတက်စေခြင်း၊ ကျန်းမာရေးနှင့်ဆိုင်သည့်ရောဂါများဖြစ်စေနိုင်သည့် အခွင့်အလမ်းများလျော့နည်းစေခြင်း၊ စက်ဘီးစီးခြင်းသည် ကိုယ်အလေးချိန်ထိန်းချုပ်ရန်(သို့မဟုတ်) လျော့ချရန် နည်းလမ်းကောင်းတစ်ခုဖြစ်ခြင်း စက်ဘီး စီးခြင်းဖြင့် တစ်နာရီ ကယ်လိုရီ(၃၀၀)ခန့် လောင်ကျွမ်းစေခြင်း၊ တစ်နေ့ နာရီဝက် စက်ဘီးစီးခြင်းဖြင့် တစ်နှစ်လျှင် (၅)ကီလိုဂရမ်အဆီကို လောင်ကျွမ်းစေခြင်း၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါ၊ လေဖြတ်ခြင်းရောဂါများဖြစ်ပွားစေခြင်းမှ လျှော့ကျစေခြင်း၊ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များ လေ့လာတွေ့ရှိချက်အရ စက်ဘီးစီးခြင်းသည် အူမကြီးကင်ဆာနှင့် ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း၊ တစ်နေ့ နာရီဝက် စက်ဘီးစီးခြင်းဖြင့် ဆီးချိုရောဂါ ဖြစ်ပွားမှုကို (၄၀)ရာခိုင်နှုန်းလျော့ကျစေခြင်း၊ စက်ဘီးစီးခြင်းသည် လေထုညစ်ညမ်းမှုကို လျော့နည်းစေခြင်းကြောင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ဖို့ စက်ဘီးစီးကြဖို့လိုကြောင်း စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်