ရမည်းသင်း အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းမိသားစုများစုပေါင်း၍ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ဝါတိုးအလယ် ရပ်ကွက်ရှိ ရွှေပြည်သာမြောက်ကျောင်းစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကထိန်သင်္ကန်းလှူဒါန်းပွဲကို နမော၊တဿသုံးကြိမ်ရွတ်ဆိုကာ မြို့နယ်သံဃာဝန်ဆောင် ဆရာတော်ကြီးများထံမှ ဧည်ပရိတ်သတ်များက သီလဆောက်တည်ခဲ့ကြပြီးတိုင်း သံဃာဝန် ဆောင်ရန်အောင်မင်းကျောင်းစာသင်တိုက်ဆရာတော်ကြီးဦးနန္ဒေဘာသထံကရှစ်ပါးသီဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်ထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃာဝန်ဆောင်ဆရာတော်များ ထံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဇနီးကြီးမှူး၍ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ဆရာတော်၊ သံဃာတော်(၂၀)ပါး၊သာမနေ(၁၅)ပါးကို ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းကြ ပြီးဆရာတော်၊ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)