ညောင်ဦး အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၆၃၆,၈၉၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်ရန် ကျောက်ပန်းတောင်း မြို့နယ်၊ ညောင်ဦးမြို့နယ်တို့တွင် သတ်မှတ်စုရပ် နေရာနေရာအသီးသီး၌ ကိုဗစ်ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးပြီးသူ ၃၀၂,၉၀၀ ဦး ထိုးနှံပေးပြီးဖြစ်ကာ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှု ၃၃၃,၉၉၀ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကာ ညောင်ဦးခရိုင်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေး ၆၃၆,၈၉၀ ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း ဝေးလံသည့် ဒေသများနှင့် လာရောက်ဆေးထိုးရန် မလွယ်ကူသည့် နေရာဒေသများသို့လည်း နယ်လှည့် ကိုဗစ် ကာကွယ်ဆေးထိုး အဖွဲ့များဖြင့် သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း၊ ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပြီးသူ ၂,၃၁၁ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ ၃,၅၁၀ ဦး ထိုးနှံပေးပြီးဖြစ်ကာ စုစုပေါင်း ၅၈၂၁ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရပြီး ဝေးလံခေါင်ဖျား ဒေသများသို့လည်း မိုဘိုင်းအဖွဲ့ဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။
ကိုကြေးမုံ