စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး Talk Show ကော့မှူး၌ ကျင်းပ

ကော့မှူး အောက်တိုဘာ ၂၆

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးမှုများ ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား‌/ကျောင်းသူများ‌နှင့် ပြည်သူများစာပေဖတ်ရှုခြင်းကြောင့် အတွေးအခေါ်အမျှော်အမြင်များ ရရှိစေရန်၊ စာပေ၏ အကျိုးကျေးဇူးများအား သိရှိနိုင်စေရန်၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား လပ်သောအချိန်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန်နှင့် စာဖတ်ခြင်း၏ရရှိနိုင်သော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အသိပညာပေး Talk Show တွင် မြို့နယ်စာရေးဆရာအသင်းမှ (အတွင်းရေးမှူး) စာရေးဆရာ ဦးခင်ဇော် (ခင်ဇော်ကော့မှူး)က လူငယ်များ စာဖတ်ရှိန်မြှင့်မားလာစေရေးအတွက် စာဖတ်ချင်လာအောင် လေ့ကျင့်ရမည့်နည်းလမ်းများ၊ စာပေလေ့လာဖတ်ရှုမှုကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ Face book၊ ဂိမ်းအသုံးပြုနေကြသော လူငယ်များအား စာပေဖတ်ရူကြရန် တိုက်တွန်းချက်များနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ကျော်သူရ