မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ပညာရေး အသိပညာ ပေး  (Talk Show) ဆောင်ရွက်

မိုင်းလုံ  အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စည်ပင်သာယာမှု အေးချမ်းတည်ငြိမ်မှုများ ရရှိခံစားနိုင်ရန် အဓိကကျသော အချက်တစ်ခုသည်ကား ပညာရည်ထူးချွန်ပြောင်မြောက်မှုဖြင့် တိုင်းတာသောကြောင့်  လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူငယ်နှင့်ပညာရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက လူငယ်နှင့်ပညာရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် ဆက်လက်၍ ဆွေးနွေးရာတွင် လူငယ်များ၏ အခန်းကဏ္ဍာအရေးကြီးပုံ အကြောင်းများကို အကျယ့်တဝင့်ဆွေးနွေးပြီး ဦးဌေးလင်းဇော် ဓါတ်ပုံကျွမ်းကျင်-၂က လူငယ်များပညာရေးအပြင် စာပေကောင်းများဖတ်ခြင်းမှ အတွေ့အကြုံ၊ အသိပညာဗဟုသုတတိုးပွား‌စေကြောင်းကို အသီးသီးဆွေးနွေးခဲ့ကြသည်။

ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို  သက်ဆိုင်ရာ နေ့ထူး နေ့မြတ်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိပြီး မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက် Page နှင့် We Love Monglong Pageတို့တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)