တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကျင်းပ

တံတားဦး အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လှလှရီက ဆပ်ပြာဆီသည် အခြေခံလူသုံးကုန်ပစ္စည်းဖြစ်သည့်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆပ်ပြာဆီပြုလုပ်လျှင်လွယ်ကူပါကြောင်း၊ ဆပ်ပြာဆီပြုလုပ်ရာ တစ်ဦးတည်းဖြင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ဆပ်ပြာဆီသည် အဆင့်(၅)ရှိပြီး ငွေကုန်ကျမှုသက်သာ၍ ပြန်လည်ရောင်းချလျှင် အမြတ်အစွန်းရရှိပါကြောင်း ပြောကြားသည်။

ဆပ်ပြာဆီပြုလုပ်ရာတွင် ဂျယ်ထုပ်၊ ချိုမှုန့်ချောင်း၊ ဆား၊ အရောင်နှင့်အနံ့တို့အား သမအောင်(၁)နာရီကျော်ရောမွှေရကြောင်း၊ ဆပ်ပြာဆီပြုလုပ်ခြင်းအတွက် တစ်ဖုံကို ကုန်ကျငွေကျပ်(၈)ထောင်နီးပါးရှိပြီး ဆပ်ပြာဆီ(၁၅)ဘူးရရှိ၍ ပြန်လည်ရောင်းချရာတွင် တစ်ဗူးကို ငွေကျပ်(၁၀၀၀)ရရှိသည့်အတွက် အကျိုးအမြတ်ရရှိကြောင်း သိရသည်။

ရဲတင့်