မိတ္ထီလာ အောက်တိုဘာ ၂၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ စက်ခေါင်းမောင်း လက်ထောက်-၂ သင်တန်း အမှတ်စဉ် ( ၃၃/၂၀၂၂ ) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူ များအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်းစက်ခေါင်းမောင်း လက်ထောက်-၂သင်တန်း အမှတ်စဉ် (၃၃/၂၀၂၂)တွင် သင်တန်းသားသင် တန်းသူ ၄၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၁၂ ပတ် ကြာမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)