ဒလ အောက်တိုဘာ ၂၆
ရန်ကုန်တောင်ပိုင်းရိုင်၊ ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သီတာဝင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ စာပေဖတ်ရှုခြင်းအကျိုးကျေးဇူနှင့် ဖတ်ရှုဆွေးနွေးမည့် စာအုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းကို ဆက်လက်ဆွေးနွေးရာတွင် စာရေးဆရာဒေါက်တာကျော်စိန်၏ လူငယ်လမ်းညွှန်စာအုပ်ထဲမှ လူငယ်နှင့်ပညာရေး ခေါင်းစဉ်ပါအကြောင်းကို Women Club အဖွဲ့ဝင် ဒေါ်ဟေမာန်နှင်းကလည်းကောင်း၊ Youth Club အဖွဲ့ဝင် မောင်ကျော်စည်သူက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး ခေါင်းစဉ်ပါ အကြောင်းအရာတို့ကို အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနအနေဖြင့် ယခုကဲ့သို့စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်းအပြင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်မျိုးစုံတို့ကို စာဖတ်သူများ အခမဲ့ဌားရမ်းဖတ်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာအုပ်မိတ်ဆက် ကဏ္ဍတင်ဆက်ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူအရုပ်ခေါက်နည်း သင်ကြားပြသပေးခြင်းနှင့် အိမ်တွင်းလက်မှုနည်း ပညာများကိုလည်း လက်တွေ့ပြသလွှင့်တင်ပေးလျက်ရှိပြီး မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် စာဖတ်ပရိသတ်များ၏ အိမ်တိုင်ရာရောက်လည်း Mobile ကွင်းဆင်း၍ စာအုပ်စာ၊ စာစောင်များ ဌားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မြင့်ဇော် (ပြန်/ဆက်)