မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

မအီ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေးခြင်း အစီအစဉ်များကို ပြည်သူများထံသို့ စဉ်ဆက်မပြတ် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက တန်ဆောင်မုန်းလအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခြင်း အစီအစဉ်ကို မအီမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစီအစဉ်တွင်​ မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကွိမ်းကျင်-၃ ဒေါ်လွင်လွင်ပြုံးနှင့် အငယ်တန်းစာရေး(အင်အားပြ) ဦးသူရနိုင်တို့က ဗုဒ္ဓဘာသာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ လတစ်လဖြစ်သည့် "တန်ဆောင်မုန်း" ဟူသော စကား၏အဓိပ္ပါယ် ဆင်းသက်လာပုံ၊ တန်ဆောင်မုန်းလ၏ တန်ဆောင်တိုင်ပွဲတော်နှင့် ကထိန်ပွဲတော်များ စသည်တို့နှင့် စပ်လျဉ်း၍ အသိပညာပေးအကြောင်းအရာများကို ဆွေးနွေးပြောကြားကြသည်။

ဖော်ပြပါ Talk Show အစီအစဉ်ကို မအီမြို့၊ ပြည်သူ့စာကြည့်တိုက် Facebook Page နှင့် We Love Maei Facebook Page တို့တွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းနှင့် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း  စသည့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသိပညာပေး (Talk Show) အစီအစဉ်များကို ရိုက်ကူး၍ မအီမြို့ Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် ရွေ့လျားစာကြည့်တိုက် (Mobile Library) စနစ်ဖြင့် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား (အခမဲ့)ငှားရမ်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ခံဦးစီးမှူး ဦးသက်နောင်ထွန်းက ပြောကြားသည်။

မောင်မောင်ဌေး(ပြန်/ဆက်)