လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် Fitness Dance ရိုက်ကူးထုတ်လွှင့်

လားရှိုး အောက်တိုဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre၊ အားကစားခန်းမတွင် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က လှိုင်းတက် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူလေးများအား ဖိတ်ခေါ်၍ Fitness Dance ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre အား အများပြည်သူများ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊  ကျောင်းသား/လူငယ်များ အသိပညာ ရှာမှီးရာနေရာသာမက ကာယစွမ်းရည်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Fitness Dance များရိုက်ကူး၍ Community Centre Lashio Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်သည်။

လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြည်သူများအခမဲ့လာရောက် အသုံးပြုနိုင်သောခန်းမများ၊ စာကြည့်တိုက်နှင့် ကိုယ်ကာယအားကစားလာရောက်ပြုလုပ်နိုင်သည့် အားကစားခန်းမ များထားပေးထားကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး