မိုင်းပန်မြို့နယ်၌ နေကြာစပ်မျိုး မျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးစပါးအထူးထွက်တိုးစံပြစိုက်ခင်း အောင်မြင်နေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

မိုင်းပန် အောက်တိုဘာ ၂၆

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်ခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်း စိုက်ပျိုးထားရှိသော နေကြာစပ်မျိုး မျိုးစေ့ထုတ်စိုက်ခင်းနှင့် မိုးစပါးအထူးထွက်တိုးစံပြစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေမှုများကို ယမန်နေ့ညနေ(၄)နာရီအချိန်က မြို့နယ်စိုက်/ကြပ် အဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ၊ စိုက်ခင်းတာဝန်ခံ တောင်သူများက အဆိုပါစိုက်ခင်းနေရာသို့ သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

​အဆိုပါစိုက်ပျိုးထားရှိသော နေကြာစပ်မျိုးပွားစိုက်ခင်းမှ မျိုးစေ့များကို မြို့နယ်အတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာစိုက်တောင်သူများကို ပြန်လည်စိုက်ပျိူးရန် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး မိုင်းပန်မြို့နယ်တွင် စိုက်ပျိုးထားရှိသည့် မိုးစပါးအထူးအထွက်တိုး စံပြစိုက်ခင်း များယခုလိုဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် မြို့နယ် စိုက်/ကြပ်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည့် နည်းပညာများကို စဉ်ဆက်မပြတ် သွားရောက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

​​​မိုင်းပန်(ပြန်/ဆက်)