ကွန်ဟိန်းမြို့၌ အမျိုးသမီးအိမ်တွင်းမှု အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဥ်(၄) ဖွင့်ပွဲအခမ်းအနားကျင်းပ

ကွန်ဟိန်း အောက်တိုဘာ၂၅

 ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျေင်း၌ အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဥ်(၄)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က အဆိုပါ သင်တန်းကျောင်း ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အိမ်တွင်းမှုသင်တန်း ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ် မြင့်မြင့်ဆန်းက သင်တန်းတွင် ပို့ချမည့်ဘာသာ ရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ ပြသထားသော ခေတ်မီဒီဇိုင်းလက်ရာများနှင့် Handmade ပစ္စည်းများအား လေ့လာကြည့်ရှု့ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းကျောင်းအုပ်နှင့် နည်းပြများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသူစုစုပေါင်း (၃၅)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)