ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း၌ ပြည်သူများ စား/ဝတ်/နေရေး ပြေလည်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ (တတိယအကြိမ်) အဖြစ် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀ိ/-) ထောက်ပံ့ခြင်းကို ယမန်နေ့ ညနေပိုင်းမှစတင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် (၉)ရပ်ကွက် အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု (၁၀၆)စု အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀ိ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၁၂၀၀၀၀ိ/-) ကျပ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ထောက်ပံ့မှုစာရင်းတွင် ပါဝင်သော ပြည်သူများ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
ရွှေနန်းမေ