ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရှိ လူစည်ကားရာ နေရာ(၅) နေရာတွင် Mask Campaign ပြုလုပ်

ကျောက်ပန်းတောင်း၊ စက်တင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည်၊ ကိုဗစ်-၁၉ ကူးစက် ရောဂါပြန့်ပွားမှုတားဆီး ထိန်းချုပ်နိုင်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့် အနေဖြင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့ နံနက်(၈)နာရီက မြို့ပေါ်ရှိ လူစည်ကားရာ နေရာ(၅)ခုတွင်၊တစ်ပြိုင် နက်တည်း Mask Campaign ပြုလုပ်ခဲ့ကြသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်၏ စီစဉ်မှုဖြင့်၊ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ် ဦးဆောင်သည့် ဝန်ထမ်း(၅၀)ဦးတို့သည်၊ ကျောက်ပန်းတောင်းမြို့မ စည်ပင်သာယာဈေး၊ မြို့မတောင်ကုန်းတော်ကြီးဘုရားလမ်းဆုံ၊ မြို့လယ် ဘူတာလမ်းဆုံ၊ တမ္ပ ဝတီဈေးသစ်နှင့် မီးသတ်လမ်းဆုံ အစရှိသည့် နေရာ(၅) ခုတွင် တစ်နေရာလျှင် ဝန်ထမ်း(၁၀)ဦးစီဖြင့် Mask Campaign ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် Mask မပါရှိသူ၊ ဟောင်းနွမ်းနေသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြပြီး၊ နှာခေါင်းစည်း Mask တပ်ဆင် ခြင်းမရှိသူများများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း များကိုပါ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့်  အဆိုပါ နေရာ(၅)ခုတွင် စုစုပေါင်း Mask အခုရေ(၁၀၀၀)ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)