ကျောက်ဆည် အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး စက်ပစ္စည်းများဖြင့် သီးနှံများစိုက်ပျိုးရန်အတွက် မြေပြင်ပေးခြင်း၊ ပျိုးထောင်ပေးခြင်း၊ စိုက်ပျိုးပေးခြင်း၊ ဆေးဖျန်းပေးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းများဖြင့် လုပ်ငန်းခွင် တွင်ကျယ်ရေးနှင့် အချိန်ကုန်သက်သာရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ဖျောက်ဆိပ်ပင်ကျေးရွာကွင်းအမှတ် (၂၂၁)၊ တောင်သူ ဦးကြည်လင်၏ ဝါသီးနှံ(၄)ဧကတွက် ဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်း သရုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သရုပ်ပြပွဲသို့ ဝါစိုက်တောင်သူ (၂၀) ဦးခန့် စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည်ရှုခဲ့ကြောင်းနှင့် ဆေးဖြန်းစက်ဖြင့် လုပ်သားလျော့ချနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ဆေးအထွက်နှုန်း အနည်းအများ ကို လိုအပ်သလို ထိန်းညှိအသုံးပြုနိုင်သည့်အတွက် ထိရောက်မှုရှိခြင်း၊ ဆေးလေလွင့်မှုနည်းပါးခြင်း၊ စသည့်အကျိုးကျေးဇူးများ ရရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါများကို တိုက်နယ်(၆)မှ အရှေ့ငယ်တိုး- ထန်းဇင်တော်- ငှက္ကတောင်- ရွှေဓား- ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၇၅၇)ဧက၊ တိုက်နယ်(၇)မှ ဖျောက်ဆိပ်ပင်-ရွာသစ်-ရေသရောက်-ချောင်းဆုံ- သရက်ပင် -ရဲ- ကြောင်-ဇရစ်ခဲ-အုန်းကြော-ကြက်သားဟင်း ကျေးရွာအုပ်စုများတွင် (၆၀၄)ဧက၊ တိုက်နယ်(၈)မှ သင်္ဂတုံ- အရှေ့သာဂရ- ကလေး- မှိုင်းပန်- ပြည်တော်သာ- ရှမ်းတောင်ဦး-ပုထိုးနီ- ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၂၁၀)ဧက၊ ဆူးလေကုန်း- ပေါက်ပင်ကွေ့- မြေစိုမိုး- ပဲခင်း- ပေါင်လောင်- တောင်တော်- ကင်းကျေးရွာအုပ်စု များတွင်(၉၀၃)ဧက စုစုပေါင်း (၂၄၇၄) ဧက စိုက်ပျိုးပြီး ဖြစ်ကြောင်း မြို့နယစိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)