ဆဒုံး အောက်တိုဘာ ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် (ပန်ဝါ)မှ လူမှုအထောက်အကူပြုခေါင်းဆောင် ဦးမုတ်မျှော်ဆန်းခေါင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်၊၊
ထို့နောက် ဆဒုံးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစံပြည့်က ပညာရည်ချွန်ဆုပေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ငွေကျပ်တစ်သိန်းနှုန်းနှင့် ဂုဏ်ထူးရရှိသူများကို တစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်၊၊
ဆဒုံးမြို့၌ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ဂုဏ်ထူးရရှိသည့် ကျောင်းသား/သူ (၁)ဘာသာ (၅)ဦး၊ (၂)ဘာသာ (၁၀)ဦး၊ (၃)ဘာသာ (၈)ဦး၊(၄)ဘာသာ (၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၁၂)ဦး စုစုပေါင်း အောင်မြင်သူ (၃၆)ဦး ရှိကြောင်းသိရသည်။
ဆဒုံး (ပြန်/ဆက်)