မိုင်းလုံ အောက်တိုဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင် လူငယ်များက စာရေးဆရာ ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)မှ ရေးသားသော "ကလေးကျန်းမာရေး အမေးအဖြေ"စာအုပ်ဖြင့် ဆွေးနွေးပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ယခု ကျန်းမာရေးဆွေးနွေးပွဲမှ လူငယ်များအား ကျန်းမာရေးအသိများရရှိစေရန်၊ လူငယ်များ၏ သိသင့်သိထိုက်သော ကျန်းမာရေးဗဟုသုတများကိုပေးစွမ်းနိုင် သောကြောင့် ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှေ့ဦးစွာပြောကြားပြီးမှ နန်းမိမိထွန်းမှ "မိုးရာသီနှင့် သွေးလွန်တုပ် ကွေး" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာမှ အခြားကလေးငယ်များသည်လည်း မိမိတို့သိသော အကြောင်း အရာများကို အပြန်အလှန်ဆွေးနွေးပြီး လိုအပ်သောဆွေးနွေးချက်များကို ဖြည့်စွက်ဆွေးနွေးရာမှ လူငယ်များက မိမိတို့သိလိုသည့် အကြောင်းများကိုမေးမြန်းရာ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)