မိုင်းဖြတ် အောက်တိုဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တောညုကျေးရွာနေ ဦး-------နှင့် မိသားစုဝင်များသည် လယ်ယာသို့သွားရောက်စဉ် ဘက္ထရီအားသွင်းထားခဲ့ရာမှ ဘတ္ထရီအိုး အပူလွန်ပေါက်ကွဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ ကျေးရွာပြည်သူများက နံနက် ၁၁ နာရီ အချိန်ခန့်တွင် ဝိုင်းဝန်း မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ ရှည်တံရှည်၊ သွပ်မိုး၊ ပျဉ်ကာ အိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ အိမ်ရှင် ဦး------အား မိုင်းဖြတ်မြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)