နောင်ချို အောက်တိုဘာလ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏(၅၀၂၃) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်းကို ၁၆.၈.၂၀၀၆ တွင်စတင်တည် ထောင်ခဲ့ပြီး မြို့တွင်းဘုန်းတော်ကြီးကျောင်း ရှစ်ကျောင်းမှ သံဃာတော်အပါးတစ်ရာကျော်အား အရုဏ်ဆွမ်းများ နေ့စဉ်မပြတ်လောင်းလှူလျက်ရှိကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့တွင် အကြိမ်ရေ ၅၀၂၃ ကြိမ်အဖြစ် တောင်ရပ်ကွက်နေ ကိုတင်နှောင်း+မခင်မိုးသင်းတို့၏ သမီးမယုဝေသင်း ၁၂နှစ်ပြည့်မွေးနေ့အလှူနှင့် ဦးစိုင်းမျိုး ၁နှစ်ပြည့်အားရည်စူး၍ စျေးရပ်ကွက်နေ ဒေါ်မိုမိုထွန်းမိသားစုနှင့် မြို့နယ်အတွင်း အလှူရှင်များမှ လောင်းလှူခဲ့ကြသည်။
အဆိုပါ အရုဏ်ဆွမ်းလောင်းလှူသည့် သံဃဒါနဆွမ်းလောင်းအသင်းသို့ နောင်ချိုမြို့နယ်သူ၊ မြို့နယ်သားများမှ နေ့စဉ်မပြတ် မိမိတို့ အစီအစဉ်ဖြင့် လာရောက်လောင်းလှူမှုများရှိသည့်အပြင်ရပ်နီး၊ ရပ်ဝေးမှလှူဒါန်းလိုသူများမှလည်း ပင်မအလှူရှင်အဖြစ်တစ်ရက်တာ အရုဏ်ဆွမ်းအတွက် အလှူငွေကျပ် ကိုးသောင်းတိတိ လှူဒါန်းလျက်ရှိကြောင်း၊ ပင်မအလှူရှင်မရှိသည့်နေ့များတွင် သံဒါနဆွမ်းလောင်းအသင်းမှလောင်းလှူလျက်ရှိကြောင်း ဆွမ်းလောင်းအသင်းထံမှ သိရသည်။
ထွေးငယ်၊ ပြန်/ဆက်