ပုသိမ်ကြီး အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ၂၄.၁၀.၂၀၂၂ ရက်နေ့က ဒို့ကျေးရွာဂျာနယ် အယ်ဒီတာ့အာဘော်အခန်းကဏ္ဍမှ “စာတတ်ခြင်း စာဖတ်ခြင်းဖြင့် အနာဂတ်ကောင်းများ ဖန်တီနိုင်မည်” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှုးက တက်ရောက်လာသည့် စာပေချစ်မြတ်သူနိုးသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ “စာတတ်ခြင်း စာဖတ်ခြင်းဖြင့် အနာဂတ်ကောင်းများ ဖန်တီးနိုင်မည်” ဟူသည့် အယ်ဒီတာ့အာဘော်ကို ဖတ်မှတ်၍ စာတတ်မြောက်ခြင်းသည် စွမ်းအားတစ်ရပ်ဖြစ်ကြောင်း၊ မှန်ကန်သည့်အသိ၊ အတွေးအခေါ်များရင့်သန်စေခြင်း၊ လူမှုဆက်ဆံရေးတိုးတက်ရရှိစေခြင်း၊ ကောင်းမွန်သော ဆုံးဖြတ်ချက်ချနိုင်ခြင်း၊ စာတတ်မြောက်ခြင်း၊ စာဖတ်ခြင်းနှင့် အမျိုးသားပညာရည်မြင့်မားခြင်း၊ စာတတ်မြောက်ခြင်းသည် စာဖတ်နိုင်ခြင်းဖြင့် အကျိုးတရားကောင်းများ ဖော်ဆောင်နိုင်ခြင်းမှသည် အနာဂတ်ကောင်းများကို ဖန်တီးနိုင်ခြင်း အစရှိသည်ဖြင့် တက်ရောက်လာကြသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇာနည်ကိုကို