ပုသိမ်ကြီးမြို့နယ် Community Centre ခန်းမတွင် ပန်းအလှထိုးနည်းသင်တန်း ဖွင့်လှစ်

ပုသိမ်ကြီး အောက်တိုဘာ ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် Community Centre ခန်းမတွင် ပန်းအလှထိုးနည်းသင်တန်းကို ယနေ့မွန်းလွဲ ၁နာရီကဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ဖြစ်သည့် သက်ဆိုင်ရာဌာနများတွင် ဖွင့်လှစ်ကျင်းပသည့်အခမ်းအနားများ၊ သင်တန်းများတွင် သေသပ်လှပပြီးအခမ်းအနားဖြင့် လိုက် လျောညီထွေဖြစ်စေမည့် ပန်းအလှဆင်မှုများကို သိရှိစေရေးနှင့် ဝန်ထမ်းများကိုယ်တိုင် တတ်သိနားလည်ထားမှုဖြင့် ကိုယ်တိုင်အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အစရှိသဖြင့် ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆရာမမှ ပန်းအလှထိုးခြင်းဖြင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များ၊ လိုက်နာဆောင်ရွက်သင့်သည်များကိုရှင်း လင်းသင်ကြားကာ ပန်းအလှထိုးခြင်းများကို လက်တွေ့သင်ကြားပြသလေ့ကျင့်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ပန်းအလှထိုးခြင်းနှင့်ပတ်သက်၍ စိတ်ပါ ဝင်စားသည့် စာကြည့်တိုက် အသုံးပြုသူများ၊ အခြားဌာနဆိုင်ရာ၀န်ထမ်းများ တက်ရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)