ရသေ့တောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ရသေ့တောင် အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီမှစတင်၍ မြန်မာ့စီးပွားဘဏ်ရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း (၁၆၆၀) ဦးရှိပြီး‌ အောက်တိုဘာလ ၂၁ ရက်နေ့မှစတင်၍ လကုန်ရက်အထိနေ့စဉ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးထားသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ် လဆန်းရက်၊ ဘဏ်လုပ်ငန်းဖွင့်ချိန်များတွင် ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက် ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)