ဘူးသီးတောင်မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ ဓာတ်ပုံ  ပြပွဲကျင်းပဆောင်ရွက်

ဘူးသီးတောင် အောက်တိုဘာ ၂၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောခြင်းနှင့် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၏ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် (MiniMuseum) ၌ ခင်းကျင်းပြသဆောင်ရွက်ပေးထားရှိမှုများကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)