ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်း

ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ၀န်ထမ်းများ သည် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်း ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငှားရမ်းဆောင်ရွက်ပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးက စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ အကြောင်းအမျိုးမျိုးအားဖြင့်ဖြစ်စေ၊ အလုပ်မအားလပ်၍ဖြစ်စေ မိမိတို့၏မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက် နိုင်သော ဌာနဆိုင်ရာ စာဖတ်ပရိတ်သတ်များအနေဖြင့် စာပေကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်သူများစာပေဖတ်ရှုမှုအလေ့အကျင့် မှသည် စာဖတ်ရှိန်တိုးတက် မြှင့်မားလာစေရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာ ကဏ္ဍများအား လွယ်ကူအဆင်ပြေစွာ လေ့လာဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် စာဖတ်သူများအား စာအုပ်စာပေ၊ သုတ/ရသ မျိုးစုံတို့ကို ငှားရမ်းပေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ သို့အပတ်စဉ်၊ လစဉ်လှည့်လည်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)