မံစီမြို့နယ်၊ အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်း၌ နယ်လှည့်အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မံစီ အောက်တိုဘာ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မောရဝတီရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့  နံနက် ၁၀ နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မံစီမြို့နယ်ရုံးမှ ဝန်ထမ်းများက နယ်လှည့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်အသိပညာပေးလုပ်ငန်းကို ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားလာ စေရန်နှင့် စာအုပ်စာပေများ ပိုမိုလေ့လာဖတ်ရှုတတ်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး မြို့နယ် ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် စာအုပ်စာပေ များအကြောင်း မိတ်ဆက်ရှင်းလင်းကာ စာပေလေ့လာ ဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်။  

နယ်လှည့်အသိပညာပေးလုပ်ငန်းတွင် အသိပညာ ဗဟုသုတများစွာ ရရှိစေမည့် သုတရသစာအုပ် စာစောင်များ ကိုလည်း ဖတ်ရှုစေခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုမှတ်တမ်း ဓာတ်ပုံများ၊ လူကုန်ကူးမှု ဆိုင်ရာ အသိပညာပေး၊ မျောက်ကျောက်ရောဂါ အန္တရာယ်ဆိုင်ရာ အသိပညာပေး၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကလေးသူငယ် အလုပ်သမားပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးစသည့် အသိ ပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)