မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လားဟူတိုင်းရင်းသားတို့၏ ရိုးရာအက ရိုက်ကူးထုတ်လွှင့်

မက်မန်း အောက်တိုဘာ ၂၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင်  မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများကို အများပြည်သူများလေ့လာနိုင်စေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစေရန်၊ အပြန်အလှန် လေးစားလိုက်နာတတ်စေရန် ရည်ရွယ်၍ လားဟူတိုင်းရင်းသားတို့၏ ရိုးရာအကများကို ရိုက်ကူးခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က ရိုက်ကူးခဲ့သည်။

ထိုသိုရိုက်ကူးရာတွင် လားဟူးစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တိုင်းရင်းသား/တိုင်းရင်းသူလေးများက ရိုးရာအကများ မတိမ်ကောစေရေး၊ ရိုးရာအကများကို လူငယ်မောင်မယ်များ မြတ်နိုးထိန်းသိမ်း တတ်စေရေး၊ အခြားတိုင်းရင်းသားများ သိရှိလေ့လာနိုင်ရေးတို့အတွက် လားဟူ ရိုးရာအကများကို ဖော်ထုတ်ရိုက်ကူးခြင်းဖြစ်သည်။ မက်မန်းမြို့နယ်တွင် ရှမ်းတိုင်းရင်းသား၊ လားဟူတိုင်းရင်းသားနှင့် “ဝ” တိုင်းရင်းသားများ အများဆုံး နေထိုင်လျက်ရှိပြီး တိုင်းရင်းသားအချင်းချင်း စည်းစည်းလုံးလုံးအတူတကွ ယှဉ်တွဲနေထိုင်လျက်ရှိသည်။ မက်မန်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ဒေသခံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ရိုးရာအကများရိုက်ကူး၍ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုများကို ဖော်ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။

လားဟူတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအကများကို မက်မန်းခရိုင်၊ ပြည်သူ့စာကြည့်တိုက် Page နှင့် we love page တို့တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်၊ ပြန်/ဆက်