ဒဂုံတောင် အောက်တိုဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့ခေါင်းစဉ်ဖြင့် ဒဂုံမြို့သစ်(ခရိုင်)အတွင်း နေကြာစိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးအောင်ကိုမှ နေကြာမျိုးစေ့စိုက်ပျိုးမည့်တောင်သူများအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ စိုက်ပျိုးရတာဖြစ်သည့်အတွက် လိုအပ်ချက်များရှိပါက သက်ဆိုင်ရာ နေကြာသီးနှံစိုက်ပျိုးရေးကော်မတီသို့ တင်ပြအကူအညီတောင်းခံနိုင်ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှလည်း ကွင်းဆင်း၍ လာရောက်ကူညီမှုများပေးမည်ဖြစ်ပြီး အောင်မြင်သော စိုက်ပျိုးသီးနှံတစ်ခုဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်၍ အောင်မြင်စွာ စိုက်ပျိုးရမည်ဖြစ်ကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ထွေးမှ နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်ကောင်းများနှင့်ပတ်သက်သော မြေအမျိုးအစားနှင့် မြေပြုပြင်ခြင်းများ၊ မျိုးစေ့များ၊ စိုက်ပျိုးချိန်များ၊ စိုက်စနစ်များ၊ စိုက်ကြောင်းအတိမ်အနက်များ၊ သွင်းအားစုထည့်သွင်းအသုံးပြုခြင်းများ၊ အပင်ပြုစုစောက်ရှောက်ခြင်းများ၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနှင့် စနစ်တကျရိတ်သိမ်းချွေလှေ့ခြင်းများကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက်မှာတော့ နေကြာမျိုးစေ့စိုက်ပျိုးမည့် တောင်သူ(၁၀)ဦးအား စိုက်ဧက(၁)ဧကလျှင် (၃)ကီလိုဂရမ် နေကြာမျိုးစေ့တစ်အိတ်ဆီပေးအပ်ခဲ့ပြီး ထို့သို့ပေးအပ်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ တောင်သူများလက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)