မိုးညှင်းမြို့၌ (၁၈)ကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာပွဲကျင်းပ

မိုးညှင်း အောက်တိုဘာ ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၁၈)ကြိမ် မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက သိမ်အင်းဘုန်းတော်ကြီး ကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ရာ ဆွမ်း၊ ပန်း၊ ရေချမ်းများနှင့် ဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ ကန်ဦးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်တရားတော်မြတ်အား နာယူပူဇော်ကြ သည်။

ထို့နောက် မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှမျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိုးညှင်းတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဌာနမှူးပါမောက္ခများ၊ ရပ်ကွက်များမှ ပြည်သူများနှင့် အသင်းအဖွဲ့များက ဆရာတော် သံဃာတော်အရှင်သူမြတ်များထံ ကထိန်လျာ ဉာတ်သင်္ကန်း၊ အခြံအရံသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများကို ဆက်လက်လှူဒါန်းကြကာ ပြည်နယ်သံဃနာ ယကအဖွဲ့ဝင် ကန်ဦးကျောင်းတိုက် ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ၍ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အလှူရှင်များမှ လှူဒါန်းခဲ့ကြသည့် ကထိန်လျာ၊ ဉာတ်သင်္ကန်း၊ အခြံအရံသင်္ကန်းများနှင့် လှူဖွယ် ဝတ္ထုများ၏ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၁၆၆၅၈၂၀၀)တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း