ဆွမ်ပရာဘွမ် အောက်တိုဘာ ၂၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign လှုပ်ရှားခြင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ ဆွမ်ပရာဘွမ်မြို့နယ် ဌာန ဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ ပါဝင်ပူးပေါင်းအဖွဲ့များသည် ဆွမ်ပရာမြို့နယ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ ကျန်းမာရေးအသိပညာပေးခြင်းဖြင့် ဆွမ်ပရာဘွမ်မြို့လမ်းပေါ်၌ နှခေါင်းစည်းတပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းအရေအတွက် ၂၀၀ ကို ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)